Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း ( အပိုင်း ၁)

Android App Development (Online Course) မှသင်တန်းသားများကိုကြိုဆိုပါတယ်။ Android app ရေးဖို့အတွက် Android ကနေတရားဝင်ထုတ်ဝေထားတဲ့ ADT Bundles ဆိုတဲ့ Tool ကိုသုံးပြီး Android app တွေဖန်တီးကြည့်ကြမယ်။ ဒီနေ့ကစပြီးသင်သွားမယ့် သင်ခန်းစာအပိုင်းဆက်များမှာ Programming Knowledge မရှိသေးသူတွေပါ အဆင်ပြေအောင် လွယ်ကူမယ့်အသုံးအနှုန်း ၊ လွယ်ကူတဲ့ပုံစံမျိုးနဲ့ပဲ သင်ကြား ရှင်းလင်းပေးပါမယ်။ Android App ရေးလို့ရတဲ့နည်းတွေကတော့အများကြီးရှိပေမယ့် ADT Bundles ကိုအသုံးပြုရေးတာကတော့အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ Google က Android API အသစ်အသစ်တွေအတွက် Coding အသစ်တွေပေးတဲ့အခါ Java Code အနေနဲ့ပဲ ပေးပါတယ်။ နောက်ပြီး Android OS ကိုယ်တိုင်က Java အခြေခံဖြစ်တဲ့အတွက် Java Language ကိုအသုံးပြုရေးရတဲ့ ADT Bundles ကို Developer အများစုက recommend လုပ်ကြပါတယ်။ C# နဲ့လည်း Android app ရေးသားနိုင်ပါတယ်။ Xamarin ဆိုတဲ့ Tool ကတော့ Android ကို C# platform နဲ့ရေးသားလို့ရတဲ့ tool ဖြစ်ပြီးနာမည်ကြီးပါတယ်။ ဒါပေမယ့် Android Dev အများစု recommend လုပ်တဲ့ ADT Bundles ကိုပဲကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာစေချင်ပါတယ်။
ADT Bundles ဆိုတာကတော့ Android Developer Tool ပေါ့နော်။ Google နဲ့ Eclipse လို့ခေါ်တဲ့ Company ၂ ခုပေါင်းပြီး ထုတ်ဝေထားတာပါ။ ဒီကောင်ရဲ့ ဖိုင်ဆိုဒ်ကတော့ 400 MB လောက်ရှိပါတယ်။ အောက်က link မှာ အရင်ရယူလိုက်ပါ။

32 Bit ကွန်ပျူတာများအတွက် ADT Bundle ဆော့ဝဲကိုရယူရန်

http://d-h.st/Fc1



64 Bit ကွန်ပျူတာများအတွက် ADT Bundle ဆော့ဝဲကိုရယူရန်
https://docs.google.com/file/d/0ByCNm6ZqqpcPbE5DYmNZTUNqWTA/edit


ကွန်ပျူတာမှာ Java Run Time (JRE) လည်းသွင်းထားဖို့လိုပါတယ်။ JRE မသွင်းရသေးဘူးဆိုရင် www.filehippo.com မှာ ရှာပြီး download ရယူနိုင်ပါတယ်။

ADT Bundles ဆိုတာမပေါ်ခင်တုန်းက Eclipse ဆိုတာနဲ့ Android app တွေကိုရေးခဲ့ကြတယ်။ ဒါပေမယ့် Eclipse နဲ့ရေးမယ်ဆိုရင် Eclipse ကို download လုပ် ၊ ပြီးရင် Android SDK တွေထပ်ပြီး download လုပ်ရနဲ့ အရမ်းအလုပ်ရှုပ်ပါတယ်။ ၂၀၁၂ ခုနှစ်လောက်မှာ ADT Bundles ထွက်လာပြီး အဲဒီနောက်ပိုင်း Android app ရေးရတာ တော်တော်လေးလွယ်ကူအဆင်ပြေသွားပါတယ်။ ADT Bundles ကိုဒေါင်းလိုက်တာနဲ့ Android SDK ရော ၊ eclipse ရောတစ်ခါတည်းတွဲပါပြီးသားမို့ပါ။ ထပ်ပြီး additional ထပ်ဒေါင်းစရာမလိုတော့ဘဲ ADT Bundles တစ်ဖိုင်ဒေါင်းပြီးတာနဲ့ Android App စတင်ရေးသားနိုင်ပါပြီ။

ကဲ .... အခု အပေါ်မှာတုန်းက ရယူခဲ့တဲ့ ADT Bundles ဇစ်ဖိုင်ထဲမှာပါတဲ့ ADT... folder ကိုထုတ်ပြီး ကွန်ပျူတာရဲ့ Local Disk (C:\) အောက်မှာသွားထည့်ထားပါ။ ဒါဆိုရင် Development Tool ကို Setup လုပ်တဲ့အဆင့်ပြီးပါပြီ။ ဒီ ADT Bundles က install လုပ်စရာမလိုပါဘူး ။ သူ့ကို Local Disk (C:\) အောက်မှာထည့်ထားပေးရုံပါပဲ။



---------------------------------------------------------------


အပိုင်း (၁) သင်ခန်းစာက ဒီအထိပဲဖြစ်ပါတယ်။ 


အိမ်စာအနေနဲ့ကတော့ Local Disk (C:\) အောက်မှာ ADT Bundles Folder ကိုထည့်ထားပုံကို Screenshot ရိုက်ပြီး ပုံကို myanmarmobileapp@gmail.com သို့အိမ်စာပေးပို့ရမှာဖြစ်ပါတယ်။



အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

7 comments:

  1. Mac OS X အတွက်ကော..ADT Bundles ဘယ်လိုinstall ရမှာလဲ ဆရာ..

    ReplyDelete
  2. ကျေဇူးပါအကိုတို့

    ReplyDelete
  3. ကျနော်ကသင်တန်းမတတ်နိင်လို့အကိုတို့အခုလိုလိုင်းပေါ်သင်ပေးတာကျေးဇူးပါ

    ReplyDelete
  4. သင်​တန်းတက်​ဖို့ရာ အခက်​ခဲ​တွေ ရှိ​နေ​ခဲ့လို့ပါ
    အခုလို onlineက​နေတဆင့်​ သင်​ကြားပို့ချ​သော
    ဆရာ့ကို ​ကျေးဇူးအထူးတင်​ပါတယ်​ခမျာ ...တကယ်​ရင်​ထဲက
    လှိုက်​လှိုက်​လှဲလှဲ ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်း ...

    ReplyDelete
  5. ​ကျေဇူးပါ ဒီ blog ​လေးကကျွန်​​တော်​အတွက်​ဆရာတဆူပါ

    ReplyDelete
  6. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ နောက်လည်း အများကြီးဆက်လက်ပို့ ချပေးပါဦး

    ReplyDelete
  7. ကျေးဇူး ဆရာ facebook.မှာ add မရတော့ဘူး ဆရာ

    ReplyDelete



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။