Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း(၁၅)

ဒီသင်ခန်းစာကလည်း အပိုင်း (၁၁) သင်ခန်းစာကိုပဲအခြေခံမှာဖြစ်ပါတယ်။ အပိုင်း ၁၁ မှာတုန်းက Button Code ကိုထည့်တဲ့အဆင့်အထိပြီးခဲ့ပြီဖြစ်ပါတယ်။ အပိုင်း (၁၄) သင်ခန်းစာမှာတုန်းက  Button ကိုနှိပ်လိုက်ရင် မိမိကြိုတင်ထည့်ထားခဲ့တဲ့ website လိပ်စာကို Browser နဲ့ပွင့်လာအောင်ရေးခဲ့ပြီးပါပြီ။ ယခုအပိုင်း (၁၅) သင်ခန်းစာဟာလည်း Button နဲ့ပတ်သက်တာကိုပဲဆက်လုပ်ကြည့်ရအောင်။ ဒီသင်ခန်းစာမှာတော့ Button ကို မိမိစိတ်ကြိုက် ဒီဇိုင်း (သို့) Custom Button ပုံစံနဲ့ထည့်မှာဖြစ်ပါတယ်။

ကျွန်တော်တို့မှာ Button အရွယ်အစားပုံတစ်ခုလောက်တော့ ကြိုတင်ဆွဲထားဖို့ ၊ ရှိထားဖို့လိုပါလိမ့်မယ်။ Photoshop ကျွမ်းကျင်တဲ့သူတွေဆိုရင် Button ဒီဇိုင်းလေးတွေစိတ်ကြိုက်ရေးဆွဲနိုင်ပါလိမ့်မယ်။ Photoshop မကျွမ်းကျင်သူတွေကတော့ Microsoft Paint နဲ့တင် button တစ်ခုပုံစံရေးဆွဲထားနိုင်ပါတယ်။ Button နမူနာလေးကိုအောက်မှာပြထားပါတယ်။






ခလုတ် ဒီဇိုင်းရှိပြီဆိုရင် ကျွန်တော်တို့ Project ရဲ့ res folder ကိုဖွင့်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်။




ပြီးရင် Project မှာထည့်သုံးဖို့လုပ်ထားတဲ့ ကွန်ပျူတာထဲက Button ပုံကို copy ကူးပါ။ ပြီးရင် Project ရဲ့ res folder အောက်က drawable-hdpi folder ပေါ်မှာ right click နှိပ်ပြီး paste လုပ်ပါ။ drawable-hdpi folder ထဲမှာ Button ပုံလေးရောက်နေတာတွေ့ရပါမယ်။ အောက်ပါအတိုင်းပါ။



ပြီးရင် res folder အောက်မှာပဲရှိတဲ့ layout folder ကိုဖွင့်ပါ။ အတွင်းမှာ activity_main.xml ဆိုတဲ့ဖိုင် ပါပါတယ်။  activity_main.xml ဖိုင်ကတော့ screen ဖိုင်ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ရဲ့ ဆော့ဝဲ project မှာ screen တစ်ချပ်သာပါသေးတဲ့အတွက် layout folder ထဲမှာ xml တစ်ဖိုင်သာ ပါသေးတာဖြစ်ပါတယ်။ အောက်ပုံအတိုင်းပါ။



ယင်းဖိုင်ကိုဖွင့်လိုက်ပါ။ screen preview နဲ့ပေါ်လာပါမယ်။



Screen ဒီဇိုင်းပေါ်က Button ကို click တစ်ချက်နှိပ်လိုက်ပါ။  ညာဘက်ခြမ်းမှာ ယင်း Button နဲ့သက်ဆိုင်တဲ့ Properties Box ပေါ်လာပါမယ်။ အောက်ပုံအတိုင်းပါ။


ယင်း Propertiex Box ထဲမှာ Background ဆိုတာကိုလိုက်ရှာပါ။ တွေ့ရင် Background ဆိုတဲ့စာသားရဲ့ဘေးက ခလုတ်လေးကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




Reference Chooser ဆိုတဲ့ Box ပေါ်လာပါမယ်။ ယင်း box ထဲက Drawable ဆိုတဲ့ folder ကိုဖွင့်ပါ။
အတွင်းထဲမှာ ခုနတုန်းက ထည့်ထားခဲ့တဲ့ ခလုတ်ပုံရဲ့နာမည်ကိုတွေ့ရပါမယ်။ အောက်ပုံအတိုင်းပါ။





ယင်း ပုံရဲ့နာမည်ကို select မှတ်ပြီး OK ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




Screen Preview က ခလုတ်နေရာမှာမိမိပြုလုပ်ခဲ့တဲ့ ခလုတ်ဒီဇိုင်းလေးနဲ့ပေါ်လာပါပြီ။ အောက်ပုံအတိုင်းပါ။






ဒါပေမယ့် ခလုတ်ရဲ့ စာသားနေရာမှာ အရင်ရေးထားတဲ့စာသားတွေနဲ့ရှုပ်နေတာကိုတွေ့ရပါလိမ့်မယ်။ ယင်း ခလုတ်ပေါ်က စာသားတွေကိုဖျက်ရပါမယ်။ Button ပေါ်ကို click တစ်ချက်နှိပ်ပါ။ ပေါ်လာတဲ့
Properties Box ထဲမှာ Text ဆိုတာပါ ပါတယ်။ ယင်း Text ထဲက စာသားကိုဖျက်ရပါမယ်။ အောက်ပုံအတိုင်းပါ။



ဖျက်ပြီးရင်တော့ ခလုတ်နေရာမှာ စာသားတွေမရှိတော့ပါဘူး ။ ရှင်းသွားပါပြီ။ ဖုန်း (သို့) emulator နဲ့ run ကြည့်လိုက်ရင်တော့ ကိုယ့်ရဲ့ဆော့ဝဲထဲက ခလုတ်မှာ custom button လေးနဲ့တွေ့ရပါပြီ။






အိမ်စာအနေနဲ့ မိမိတို့ရဲ့ application project မှာ custom button ဒီဇိုင်းနဲ့ Button တစ်ခုထည့်ပြီး apk ဖိုင်ကို myanmarmobileapp@gmail.com ကိုပေးပို့ရပါမယ်။

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။   

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။