Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၁၄)


ဒီသင်ခန်းစာကလည်း အပိုင်း (၁၁) သင်ခန်းစာကိုပဲအခြေခံမှာဖြစ်ပါတယ်။ အပိုင်း ၁၁ မှာတုန်းက Button Code ကိုထည့်တဲ့အဆင့်အထိပြီးခဲ့ပြီဖြစ်ပါတယ်။ အပိုင်း (၁၃) သင်ခန်းစာမှာတုန်းက  Button ကိုနှိပ်လိုက်ရင် Alert Box လေးပေါ်လာအောင်ရေးခဲ့ပြီးပါပြီ။ ယခုအပိုင်း (၁၄) သင်ခန်းစာဟာလည်း Button နဲ့ပတ်သက်တာကိုပဲဆက်လုပ်ကြည့်ရအောင်။ ယခုသင်ခန်းစာမှာတော့ Button ကိုနှီပ်လိုက်ရင် မိမိသွားလိုတဲ့ website ကို Web Browser နဲ့ပွင့်လာအောင်ရေးရမှာဖြစ်ပါတယ်။

Web Site ကိုပွင့်စေတဲ့ code ကတော့အောက်ပါအတိုင်းပါ။

Intent browserIntent = new Intent(Intent.ACTION_VIEW, Uri.parse("http://www.google.com"));
startActivity(browserIntent);




အပေါ်က code ကတော့ Website ကို browser နဲ့ဖွင့်ပေးမယ့် code ဖြစ်ပါတယ်။ ဘယ် website ကိုသွားချင်တယ်ဆိုတာကတော့ Uri.parse () ကွင်းအဖွင့်အပိတ်ထဲက " " နှစ်ခုကြားမှာဝင်ရောက်ရေးသားရမှာပါ။ အပေါ်က code example မှာဆိုရင် Google Website လိပ်စာကိုနမူနာအနေနဲ့ထည့်ထားပါတယ်။ ယခု coding ကို ဘယ်နေရာမှာထည့်ရမလဲဆိုရင် ကျွန်တော်တို့က Button ကို click လိုက်တဲ့အချိန်ကျမှ website ပွင့်စေချင်တာဖြစ်တဲ့အတွက်
အရင်သင်ခန်းစာတွေတုန်းကလိုပဲ Button ရဲ့ OnClick function ထဲမှာပဲဝင်ရောက်ရေးသားရပါမယ်။ အောက်ပုံထဲကအတိုင်းပါ။






code ကိုထည့်လိုက်တဲ့အခါ ယင်း code ရဲ့ဘေးမှာ ကြက်ခြေခတ် icon လေးနဲ့ error မီးလေးပြပါလိမ့်မယ်။ အရင်သင်ခန်းစာတွေတုန်းကလိုပဲ error ရှင်းပါမယ်။ ယင်း ကြက်ခြေခတ် icon ကို double click နှိပ်ပြီး Import.... ကိုရွေးပါ။ အောက်ပုံအတိုင်းပါ။






Error မီး icon မပျောက်သေးရင် ယင်း icon ကို နောက်တစ်ကြိမ်ထပ်၍ double click နှိပ်ပြီး Import.... ကိုရွေးပါ။ အောက်ပုံအတိုင်းပါ။





ယခုဆိုရင်တော့ error မီးတွေလည်း အားလုံးပျောက်သွားပြီး error ရှင်းသွားပါပြီ။ အောက်ပါအတိုင်းပါ။



 ကဲ... ဒါဆိုရင် ဖုန်း(သို့မဟုတ်) Emulator  နဲ့ run ကြည့်ရအောင်။

Button ကိုနှိပ်လိုက်တဲ့အခါ မိမိရေးထားခဲ့တဲ့အတိုင်း Website တက်လာတာကိုတွေ့ရပါမယ်။




အိမ်စာအနေနဲ့ ခလုတ်ကိုနှိပ်လိုက်ရင် www.myanmarmobileapp.com ကို ရောက်သွားအောင်ပြုလုပ်ပေးပါ။ အိမ်စာကို apk ဖိုင်အနေနဲ့ myanmarmobileapp@gmail.com ကိုပို့ပေးရပါမယ်။             


အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။