ကဲ...ဟုတ်ပြီ။ အခု Android App Project အသစ်တစ်ခုတော့ဆောက်ပြီးသွားပြီ။ အဲဒီ Android App Project လေးကို ဖုန်းပေါ်မှာ run ကြည့်ကြရအောင် ။ ဒီနေ့ပြောပြမှာကတော့ ကိုယ်ရေးသားနေတဲ့ Android App Project ကို ဖုန်းပေါ်မှာ အစမ်းတင်ပြီး run ကြည့်ခြင်းပဲဖြစ်ပါတယ်။
ဒီလို ပထမဆုံးအကြိမ် run မကြည့်ခင်မှာ ကိုယ့်ရဲ့ ကွန်ပျူတာနဲ့ ဖုန်း မှာ ကြိုတင်လုပ်ဆောင်ထားစရာတွေတော့ ရှိပါတယ်။
ကွန်ပျူတာဘက်မှာ
- ကိုယ့်ဖုန်းရဲ့ သက်ဆိုင်ရာ driver သွင်းထားရပါမယ်။ ဥပမာ Samsung ဖုန်းဆိုရင် Samsung Kies ၊ HTC ဖုန်းတွေဆိုရင် HTC Sync ကို ကွန်ပျူတာမှာသွင်းထားရမှာပါ။
ဖုန်းဘက်မှာ
- Setting > Developer Options ထဲကိုဝင်ပြီး USB Debugging ကို on ပေးထားရပါမယ်။
- ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီး ချိတ်ဆက်ထားရပါမယ်။
ဒီအချက်တွေပြည့်စုံပြီဆိုရင် ကိုယ်ရေးသားနေတဲ့ Android App Project ကို ဖုန်းပေါ်မှာ စမ်းသပ် run ကြည့်နိုင်မှာဖြစ်ပါတယ်။
ဒီအချက်တွေပြည့်စုံပြီဆိုရင် ကျွန်တော်တို့ ဖုန်းပေါ်မှာ ကိုယ်ရေးသားနေတဲ့ Android App Project ကိုအစမ်းတင် run ကြည့်ရအောင်။
ကိုယ့် Android App Project ရဲ့ Main folder name ပေါ်မှာ right click နှိပ်ပါ ။
Run As ကိုနှိပ်ပါ။ Android Application ကိုနှိပ်ပါ။

ဒါဆိုရင် ဖုန်းထဲကို ADT Bundles ကနေ ကိုယ် run ခိုင်းလိုက်တဲ့ Android App Project ကို install ပြီးတာနဲ့ ချက်ချင်း Screen ပေါ်မှာ ကိုယ်ရေးသားနေတဲ့ Android App လေး ပေါ်လာမှာဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ရေးသားနေတဲ့ Android App Project ကိုဖုန်းပေါ်မှာ စမ်းသပ် run ကြည့်ခြင်းဖြစ်ပါတယ်။
ဒီနေ့သင်ခန်းစာအထိအဆင်ပြေကြမယ်လို့ထင်ပါတယ်။
အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။
0 comments:
Post a Comment