Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၁၇)


ယခုအပိုင်း (၁၇) သင်ခန်းစာကတော့ အပိုင်း (၁၁) မှာလုပ်ထားလက်စကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။ အခု ပြောပြပေးချင်တာကတော့ Button ကိုနှိပ်လိုက်ရင် ဖုန်း Bill စစ်ချင်တာပါ ။ GSM/CDMA ဖုန်းဘေလ်ပေါ့ဗျာ။ လက်ရှိ ထွက်ရှိထားတဲ့ Bill စစ်တဲ့ application လေးတွေဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိစေချင်တာလည်း ပါ ပါတယ်။
အခု Button ကိုနှိပ်လိုက်တာနဲ့ ဖုန်းဘေလ်စစ်မယ့် app လေးတစ်ခုရေးကြည့်ရအောင်။ အပိုင်း (၁၁) သင်ခန်းစာမှာတုန်းက ကျွန်တော်တို့ Button code ထည့်တဲ့အပိုင်းအထိပြီးခဲ့ပါပြီ။ အောက်ပုံအတိုင်းပါ။

ယင်း Button code ထဲကို  ဖုန်းဘေလ်စစ်တဲ့ code ကိုထည့်ပါမယ်။
 GSM Bill စစ်တဲ့ code ကအောက်ပါအတိုင်းပါ။
Intent ii = new Intent(Intent.ACTION_CALL);

 startActivity(new Intent("android.intent.action.CALL",Uri.parse("tel:*124" + Uri.encode("#"))));   


CDMA Bill စစ်တဲ့ code ကအောက်ပါအတိုင်းပါ။

Intent ii = new Intent(Intent.ACTION_CALL);
startActivity(new Intent("android.intent.action.CALL",Uri.parse("tel:*162")));   
  



ကိုယ်အသုံးပြုချင်တဲ့ code ကိုထည့်ရမယ့်နေရာကတော့  public void onClick(View v) ဆိုတဲ့ coding ရဲ့  {} ကြားမှာဖြစ်ပါတယ်။ အောက်ပါအတိုင်းပါ။







Error မီးလေးတွေကိုတော့ ထုံးစံအတိုင်းပဲ error မီးလေးပေါ်မှာနှိပ် ၊ Import..... ကိုနှိပ်ပြီးရှင်းလိုက်ပါ။ အောက်ပုံအတိုင်းပါ။


Error တွေရှင်းပြီးသွားရင်တော့ ကိုယ့် app ရဲ့ Project folder ထဲက AndroidManifest.xml ထဲကိုဝင်ပါ။



Android Manifest.xml ဖိုင်ထဲရောက်သွားရင် အောက်ပုံထဲကလို xml coding တွေကိုတွေ့ရပါမယ်။



</application> ဆိုတဲ့အောက်မှာ အောက်ပါ permission code ကိုထည့်ပါ။

<uses-permission android:name="android.permission.CALL_PHONE" />


အပေါ်မှာပြထားတဲ့ code ကတော့ ဖုန်းခေါ်ဆိုတဲ့ permission ကို Android System ကိုခွင့်တောင်းတဲ့ permission code ဖြစ်ပါတယ်။ အောက်မှာ ယင်း permission code ကိုထည့်ထားပြီးတဲ့အဆင့်အထိ နမူနာပြထားပါတယ်။




 ပြီးရင်တော့ ထုံးစံအတိုင်းပဲ ဖုန်း (သို့) Emulator နဲ့ Project ကို run ကြည့်လိုက်ပါ။ Project တက်လာပြီဆိုရင် app ထဲက Button ကိုနှိပ်ပါ။ ဘေလ်စစ်ပါလိမ့်မယ်။

အိမ်စာအနေနဲ့ GSM /CDMA ဘေလ်စစ်တဲ့ app တစ်ခုရေးပြီး myanmarmobileapp@gmail.com သို့ပေးပို့ရပါမယ်။

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

1 comment:

  1. ကျေးဇူးတင်ပါတယ်။ကျွန်တော်အဲ့ဒီရေးနည်းသိချင်နေတာကြာပြီ။

    ReplyDelete



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။