Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း(၁၀)


APk ထုတ်တဲ့အဆင့်အထိ ရပြီဆိုတော့ Screen ပေါ်မှာ Button လေးတစ်ခုလောက် ထည့်ကြည့်ရအောင်။ Button ထည့်တယ်သာပြောတာ ။ Drag & Drop ဆွဲထည့်လိုက်ရုံပဲဖြစ်တာကြောင့် အတော်လေးလွယ်ကူပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။

ကျွန်တော်တို့ project folder ရဲ့ res folder ဆိုတာကိုဖွင့်လိုက်ပါ။ အတွင်းထဲမှာ Layout ဆိုတာပါပါတယ်။ ယင်း Layout folder ကိုပါဖွင့်လိုက်ပါ။ xml ဖိုင်လေးတစ်ခုတွေ့ရပါမယ်။ အောက်ပုံအတိုင်းပါ။
(အရှေ့သင်ခန်းစာမှာတုန်းက xml ဖိုင်ဆိုတာ ဘာဖိုင်ဖြစ်တယ်ဆိုတာပြောပြီးသားဖြစ်တာကြောင့် ဒီသင်ခန်းစာမှာထည့်မပြောတော့ပါဘူး။ )





ယင်း xml ဖိုင်ကို ဖွင့်လိုက်ပါက အောက်ပါအတိုင်း Screen နမူနာလေးနဲ့ပေါ်ပါလိမ့်မယ်။

ပေါ်လာတဲ့ Screen Preview ရဲ့ဘေးမှာ အောက်ပုံထဲကအတိုင်း Palette ဆိုတဲ့ Title နဲ့ Screen ပေါ်မှာထည့်သုံးနိုင်တဲ့ Component မျိုးစုံ box ပါ ပါတယ်။ အောက်ပုံအတိုင်းပါ။














Palette ရဲ့ Form Widgets ဆိုတဲ့ကဏ္ဍထဲက Button ကို ဘေးက Screen Preview ထဲကို Drag & Drop ဆွဲထည့်လိုက်ပါ။ ဖုန်း screen preview ရဲ့ ကိုယ်ထည့်လိုက်တဲ့ နေရာ position မှာ Button ပေါ်လာပါမယ်။ အောက်ပုံအတိုင်းပါ။




ယင်း Screen ပေါ်က Button ခလုတ်လေးပေါ်ကို Click တစ်ချက်နှိပ်လိုက်ရင်တော့ Screen Preview ရဲ့ညာဘက်ဘေးမှာ ယင်း button နဲ့ဆိုင်တဲ့ Properties box ပေါ်လာပါမယ်။






Button ပေါ်မှာပေါ်နေတဲ့စာသား "Button" ဆိုတဲ့စာသားနေရာမှာ စိတ်ကြိုက်ပြင်ရေးချင်ရင်တော့ Button ကို click လိုက်လို့ပေါ်လာတဲ့ Properties box ထဲက Text ဆိုတဲ့ attribute နေရာမှာ မိမိစိတ်ကြိုက်စာသားရေးပါ။ ကျွန်တော်ကတော့ နမူနာအနေနဲ့ "Press Me" လို့ရေးထားပါတယ်။ အောက်ပုံအတိုင်းပါ။

ရေးပြီးလို့ enter ခေါက်လိုက်တာနဲ့ Preview Screen ပေါ်က button မှာပါ ကိုယ်ပြင်ရေးလိုက်တဲ့စာသားအတိုင်းပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။





ပြီးရင်တော့ အခုလုပ်ခဲ့သလောက်ကို ရှေ့သင်ခန်းစာတွေမှာသင်ခဲ့တဲ့နည်းအတိုင်း ဖုန်း(သို့မဟုတ်) Emulator နဲ့ အခု ကိုယ်လုပ်ထားတဲ့အတိုင်းပေါ်မပေါ် စမ်းကြည့်ပါ။ ဒီသင်ခန်းစာကိုစမ်းပြီးရင် apk ဖိုင်ထုတ်ပြီး ယင်း apk ဖိုင်ကို myanmarmobileapp@gmail.com သို့ပေးပို့ရပါမယ်။

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။