Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၇)



မင်္ဂလာပါ။ အပိုင်း (၆) သင်ခန်းစာမှာတုန်းက Emulator နဲ့ run ကြည့်တာအထိပြောခဲ့ပြီးဖြစ်ပါတယ်။ ယခု သင်ခန်းစာမှာတော့ ဖုန်းနဲ့ပဲဖြစ်ဖြစ် Emulator မှာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာနဲ့ run ကြည့်နိုင်ဖို့ပါ။
အရင်ဆုံး ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်ထားလိုက်ပါ။

အပိုင်း (၆) သင်ခန်းစာမှာတုန်းကလိုပဲ Project folder ပေါ်ကို Right Click နှိပ်ပါ။ ပြီးလျှင် Run As > Run Configuration ကိုနှိပ်ပါ။ Run Configuration Box ပေါ်လာပါမယ်။ ပေါ်လာရင် Target ဆိုတဲ့ Tab ထဲကိုဝင်ပါ။ Always Prompt to pick device ကိုရွေးပါ။ ပြီးရင် Apply ကိုနှိပ်ပါ။  အောက်ကပုံအတိုင်းပါ။







ပြီးရင် Run ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း Device Choose Dialogbox ပေါ်လာပါမယ်။






Choose a running Android Device နဲ့ Launch a new Android Virtual Device ဆိုတဲ့ Option ၂ ခုကိုတွေ့ရပါမယ်။ Choose a running Android Device ဆိုတဲ့ Option ရဲ့အောက်မှာတော့ ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ ဖုန်း (သို့) Run ထားတဲ့ Emulator ရှိရင် ယင်း Choose a running Android Device ဆိုတဲ့အောက်မှာတွေ့ရမှာဖြစ်ပါတယ်။ အပေါ်မှာပြထားတဲ့ပုံမှာဆိုရင် Emulator ကိုဖွင့်မထားဘဲ ကွန်ပျူတာနဲ့ချိတ်ထားတဲ့ဖုန်းတစ်လုံးသာရှိနေတာကြောင့် Choose a running Android Device မှာ device တစ်ခုပဲပေါ်နေတာပါ။ Choose a running Android Device အောက်မှာပေါ်လာတဲ့ device တွေထဲက ကြိုက်နှစ်သက်ရာ device name ပေါ်ကို double click နှိပ်လိုက်တာနဲ့ ကိုယ် run လိုက်တဲ့ device ပေါ်မှာ
run လိုက်တဲ့ Android Project ပေါ်လာမှာဖြစ်ပါတယ်။

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။