Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၁၂)


အပိုင်း ၁၁ မှာတုန်းက Button Code ကိုထည့်တဲ့အဆင့်အထိပြီးခဲ့ပြီဖြစ်ပါတယ်။ ယခုအပိုင်း (၁၂) သင်ခန်းစာကတော့ အပိုင်း (၁၁) မှာလုပ်ထားလက်စကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။

အခု ပြောပြပေးချင်တာကတော့ Button ကိုနှိပ်လိုက်ရင် Screen ပေါ်မှာ အမည်းရောင်အကွက်လေးနဲ့ Message စာသားသေးသေးလေး တစ်ခုပေါ်လာစေချင်တာပါ။ ယင်း message မျိုးကို Toast Message လို့ခေါ်ပါတယ်။ Example အားဖြင့်အောက်ပါအတိုင်းပါ။






Button ကိုနှိပ်လိုက်တာနဲ့ Toast Message ပေါ်လာအောင်ရေးကြည့်ရအောင်။ အပိုင်း (၁၁) သင်ခန်းစာမှာတုန်းက ကျွန်တော်တို့ Button code ထည့်တဲ့အပိုင်းအထိပြီးခဲ့ပါပြီ။ အောက်ပုံအတိုင်းပါ။




ယင်း Button code ထဲကို Toast message ပေါ်စေတဲ့ code ကိုထည့်ပါမယ်။ Toast Message ပေါ်စေတဲ့ coding ကတော့အောက်ပါအတိုင်းပါ။

Toast.makeText(getApplicationContext(), "Hello", Toast.LENGTH_SHORT).show();

အပေါ်မှာပြထားတဲ့ code ကတော့ Toast Message ပေါ်စေတဲ့ coding ဖြစ်ပါတယ်။ "" double quote ထဲက Hello ဆိုတဲ့စာသားနေရာမှာ စိတ်ကြိုက်ပေါ်ချင်တဲ့စာသားပြောင်းရေးနိုင်ပါတယ်။

Toast Message ပေါ်စေတဲ့ code ကိုထည့်ရမယ့်နေရာကတော့

 public void onClick(View v) ဆိုတဲ့ coding ရဲ့  {} ကြားမှာဖြစ်ပါတယ်။

အောက်ပုံအတိုင်းပါ။






Toast Message ပေါ်စေတဲ့ coding ကိုထည့်လိုက်တာနဲ့ ယင်း code ဘေးမှာ error မီးလေးပြပါလိမ့်မယ်။ အပိုင်း ၁၁ မှာတုန်းကလုပ်ခဲ့တဲ့အတိုင်း ယင်း error မီးလုံးလေးကိုနှိပ်ပြီး Import .... ကိုရွေးပါ။ အောက်ပုံအတိုင်းပါ။




error မီးလေးပျောက်သွားပါပြီ  ။ အောက်ပုံအတိုင်းပါ။

 ပြီးရင်တော့ Project ကို ဖုန်း (သို့မဟုတ်) Emulator နဲ့ run ကြည့်လိုက်ရအောင်။ Application တက်လာတဲ့အခါ ခလုတ်ကိုနှိပ်လိုက်ရင် အောက်ပုံထဲကအတိုင်း Toast Message လေးပေါ်ပါလိမ့်မယ်။

အိမ်စာအနေနဲ့ Button ကိုနှိပ်လိုက်ရင် Toast Message လေးပေါ်အောင်ပြုလုပ်ပေးပါ။ Toast Message စာသားအနေနဲ့ "Hello MMAS" လို့ရေးပါ။ အိမ်စာကို apk ဖိုင်ထုတ်ယူပြီး myanmarmobileapp@gmail.com သို့ပေးပို့ရပါမယ်။

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။