Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၅)


အပိုင်း (၄) မှာတုန်းက Android App Project ကိုဖုန်းပေါ်မှာစမ်းသပ် run ဖို့နည်းလမ်းကိုပြောပြခဲ့ပါတယ်။
ဒါပေမယ့် ကွန်ပျူတာပဲရှိပြီး Android ဖုန်းမရှိသူတွေကျတော့ ဘယ်လို
လုပ်ရမလဲလို့ တွေးနိုင်စရာရှိပါတယ်။ Android ကလည်းအဲဒီအတွက် အဆင်ပြေအောင်
လုပ်ဆောင်ပေးထားပါတယ်။ ဒီနေ့ သင်ခန်းစာအပိုင်းမှာပြောပြပေးမှာကတော့ Android ဖုန်း
မရှိသူတွေအတွက် ကိုယ်ရေးသားနေတဲ့ Android app project တွေကိုဖုန်းအတု (သို့မဟုတ်)
Virtual Emulator ပေါ်မှာ run ကြည့်တဲ့နည်းလမ်းဖြစ်ပါတယ်။ Virtual Emulator ဆိုတာ
ကတော့ ကွန်ပျူတာပေါ်မှာ ဖုန်း screen ပုံစံလေးတစ်ခုပေါ်မှာဖြစ်ပြီး ယင်း Virtual Phone
Screen ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Android App Project တွေကိုအစမ်း run ကြည့်နိုင်ပါတယ် ။
တကယ့်ဖုန်းအတိုင်းဖြစ်တဲ့အတွက် ဒီ Emulator ပေါ်မှာ ကိုယ့် software က အဆင်ပြေပြေ
Screen layout တွေပေါ်တယ်။ သုံးကြည့်လို့အဆင်ပြေတယ်ဆိုရင် တကယ့်ဖုန်းတွေမှာလည်း
အဆင်ပြေမယ်လို့ မှတ်ယူနိုင်ပါတယ်။ Virtual Emulator တစ်ခုဖန်တီးတဲ့နည်းလမ်းကိုပြောပြပါမယ်။
ပထမဆုံး ပုံမှာပြထားတဲ့ စက်ရုပ်ပုံ icon လေးကိုနှိပ်ပါ။ 




Android Virtual Device Manager ဆိုတာ
ပေါ်လာပါမယ်။ ပေါ်လာပြီဆိုရင် ပုံထဲမှာတွေ့ရတဲ့အတိုင်း New ခလုတ်ကိုနှိပ်ပါ။





Create new Android Virtual Device ကဏ္ဍပေါ်လာပါမယ်။





အဲဒီမှာ သုံးနေရာကိုဖြည့်စွက်ရပါမယ်။ အဲဒီသုံးနေရာက
-AVD Name:
-Device:
-Target:

ယင်း သုံးနေရာဖြစ်ပါတယ်။ AVD Name နေရာမှာက ကြိုက်တဲ့ name ပေးလို့ရပါတယ်။ Device နေရာမှာကတော့
ကိုယ့်ရဲ့ဖုန်းအတု Virtual Phone ကို Screen size ဘယ်လောက်နဲ့ ဖုန်းအနေနဲ့ပြုလုပ်မလဲဆိုတာကိုရွေးချယ်ပေးရတာပါ။
Target နေရာကတော့ ကိုယ့်ရဲ့ဖုန်းအတု Virtual Emulator Phone ကို Android version ဘယ်လောက်ထည့်မယ်ဆိုတာ
ရွေးပေးရတာပါ။ ကျွန်တော် နမူနာဖြည့်ပြထားတဲ့ ပုံကိုကြည့်ပါ။ 




ယင်းသုံးနေရာကို
ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ OK ကိုနှိပ်ပါ။ Android Virtual Device Manager ထဲမှာ ခုနတုန်းက ပေးခဲ့တဲ့ AVD name နဲ့
Emulator တစ်ခုဖန်တီးပြီးဖြစ်နေတာကိုတွေ့ရပါပြီ။




ဒါကတော့ Android ဖုန်းမရှိသော်လည်း Emulator ကိုအသုံးပြုပြီး ကိုယ်ရေးသားနေတဲ့ဆော့ဝဲ ကိုစမ်းသပ်နိုင်ဖို့ ၊ အစမ်း run
ကြည့်နိုင်ဖို့ လိုအပ်တဲ့ Virtual Emulator တစ်ခုကိုဖန်တီးခြင်းနည်းလမ်းဖြစ်ပါတယ်။ တစ်ကြိမ်သာ ယခုအဆင့်များကိုပြုလုပ်ထားဖို့
လိုအပ်ပြီး Emulator ရှိသွားပြီဆိုရင်တော့ နောင် ဘာဆော့ဝဲပဲ ရေး run run
ယခုဆောက်ခဲ့တဲ့ Emulator ကိုအသုံးပြုပြီး ကိုယ်ရေးလက်စဆော့ဝဲများကိုစမ်းသပ်နိုင်ပြီဖြစ်ပါတယ်။



အိမ်စာအနေနဲ့ကတော့ အပေါ်က နောက်ဆုံးပုံမှာပြထားတဲ့အတိုင်း Emulator တစ်ခုဖန်တီးပြီးတဲ့အဆင့်ကို Screenshot ရိုက်ပြီး ပုံကို myanmarmobileapp@gmail.com သို့အိမ်စာပေးပို့ရမှာဖြစ်ပါတယ်။



အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  

0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။