Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။



Monday, May 19, 2014

Android Application များရေးသားနည်း - အပိုင်း (၁၆)


ဒီနေ့သင်ခန်းစာမှာတော့ ADT Bundles/Eclipse ထဲမှာရေးလက်စ project ကို ဘယ်လို backup လုပ်ထားမလဲ ၊ ADT Bundles ထဲမှာဘယ်လိုပြန် restore လုပ်မလဲဆိုတာကို ပြောပြပေးမှာပါ။ တစ်ချို့က project ကိုရေးလက်စမှာ ကွန်ပျူတာက အရမ်းလေးပြီးသုံးမကောင်းဖြစ်နေလို့ Windows ပြန်တင်ချင်တယ် ၊ ဒါပေမယ့် ရေးလက်စ project ကိုလည်းပျက်သွားမှာစိုးတယ်။ အဲ့လိုသူတွေအတွက် ပြောပြာပေးရခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။

Backup လုပ်တာကိုအရင်ပြောပါမယ်။

အရင်ဆုံး ADT Bundles/Eclipse ထဲက ကိုယ့် project ရဲ့ main title name ပေါ်မှာ right click နှိပ်ပြီး copy ကိုရွေးပါ။

ပြီးရင် ကွန်ပျူတာထဲက ကြိုက်တဲ့ folder ၊ ကြိုက်တဲ့နေရာမှာ right click နှိပ်ပြီး paste လုပ်ပါ။ အောက်ပုံထဲကအတိုင်း ကိုယ့်ရဲ့ project folder လေးဟာ အပြင်ကိုရောက်လာပါပြီ။







ဒီတစ်ခါ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ Project ကို တခြား ကွန်ပျူတာထဲက ADT Bundles ထဲကိုပြန်ပြီး restore လုပ်နည်းပြောပြပါမယ်။
ADT Bundles ရဲ့ menu bar က File ထဲကိုဝင်ပါ။ ပြီးရင် import ထဲကိုဝင်ပါ။ Import Box ပေါ်လာမှာဖြစ်ပြီး Import box ထဲက Android ရဲ့အောက်မှာ Existing Android code into workspace ဆိုတာ ပါပါတယ်။ အောက်ပုံအတိုင်းပါ။




Existing Android Code into workspace ကို click တစ်ချက်နှိပ်ပြီး Next> ကိုနှိပ်ပါ။ Project folder ကို ADT Bundles ထဲသို့ပြန်သွင်းတဲ့ ကဏ္ဍဆီကိုရောက်သွားပါမယ်။ အောက်ပုံအတိုင်းပါ။





Browse ကိုနှိပ်ပြီး ကွန်ပျူတာထဲ (သို့) memory stick ထဲမှာသိမ်းထားခဲ့တဲ့ Project folder ကိုရွေးပေးလိုက်ပါ။ ပြီးရင် Copy Projects into workspace ကိုအမှန်ခြစ်ပေးပြီး Finish ကိုနှိပ်ပါ ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




Project ဟာ ADT Bundles ထဲကိုပြန်ရောက်သွားပါပြီ။ ယခင်အတိုင်း ဆက်လက်ရေးသားနိုင်ပါပြီ။

Thet Naing Soe (Myanmar Mobile Application Store)

အသိပေးချက် ။ ။ယခု Student Online Campus မှသင်ခန်းစာများကို ပြင်ပWebsite ၊ စာရွက်စာတမ်း များတွင် ကူးယူဖော်ပြခြင်းမပြုရန်အသိပေးအပ်ပါသည်။  


0 comments:

Post a Comment



Myanmar Android Development မှ Android Dev Lessons များကို အခြား website များ ၊ ပြင်ပစာအုပ်စာပေများတွင်ကူးယူဖော်ပြခြင်းမပြု ကြပါရန်အသိပေးအပ်ပါသည်။